ရေနံချောင်းမြို့ အ.ထ.က(လည်ပေါ်)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ရေနံချောင်း နိုဝင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက်နေ့မွန်းလွဲပိုင်းက ရေနံချောင်းမြို့ ..က(လည်ပေါ်) ကျောင်းအနီး လည်ပေါ်ဓမ္မာရုံ၌ ကျင်းပသည်။

ဦးစွာ ..က(လည်ပေါ်)ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာအေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ကျောင်းသားကျောင်းသူလေးများအနေဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်လာစေရန် လူငယ်စကားဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအိ ဦးဆောင်၍ ကျောင်းသားကျောင်းသူခြောက်ဦးက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်အင်တာနက်၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ စကားဝိုင်းအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါအန္တရာယ်အကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း၊ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာများပါဝင်သည့် နံရံကပ်စာစောင်များနှင့် စာအုပ်များကို ကျောင်းသား ကျောင်းသူလေးများက လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)