ကရသူရိမြို့၌ ရာဘာအဖွင့် ဈေးကောင်းရ၍ ခြံပိုင်ရှင်များ မိသားစုဝင်ငွေကောင်း

ကရသူရိ နိုဝင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ရာဘာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် ခြံပိုင်ရှင်များသည် ယခုနှစ် ရာဘာအဖွင့် ဈေးကောင်းရ၍ မိသားစုဝင်ငွေကောင်းလျက်ရှိကြောင်း သိရသည်။

နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် ရာဘာသည် အရင်းအနှီးများပြီး စနစ်တကျ လုပ်ကိုင်ရသည့် လုပ်ငန်းဖြစ်ကြောင်း၊ ရာဘာအရိုင်းနှင့် အချောဟူ၍ မျိုးနှစ်ခုရှိပြီး ‌ဒေသခံအများစုက အချောမျိုးကို အဓိက ရွေးချယ်စိုက်ပျိုးလျက်ရှိရာ အစေးထွက်အားလည်းကောင်းကြောင်း၊ ရာဘာ အချောမျိုးတစ်ပင်ကို (၁၃၀၀) ကျပ်နှင့် ဝယ်ယူစိုက်ပျိုးရပြီး သက်တမ်း(၇)နှစ်ကြာလျှင် စတင်အစေးခြစ်ယူနိုင်ကြောင်း၊ ယခုလက်ရှိ ရာဘာတစ်ပေါင်လျှင် (၁၂၅၀) ကျပ် ရရှိကာ အဝယ်ဒိုင်များက ကော့သောင်းမြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ခြံပိုင်ရှင်တစ်ဦးထံမှ သိရသည်။

နှစ်ရှည်သီးနှံများဖြစ်သည့် ကွမ်းသီး/ ရာဘာ/ ဆီအုန်းတို့တွင် ရာဘာနှင့်ဆီအုန်းဈေးနှုန်းသည် အဓိက ကောင်းမွန်လျက်ရှိသဖြင့် ခြံပိုင်ရှင်များ ဝင်ငွေကောင်းနေသော်လည်း ကွမ်းသီးဈေးနှုန်း ကျဆင်းနေ၍ ကွမ်းသီးခြံပိုင်ရှင်များ စီးပွားရေးကျပ်တည်းလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)