စစ်ကိုင်းခရိုင်ရုံးတွင် အခြေခံကွန်ပျူတာသင်တန်း (၃/၂၀၂၃) ဖွင့်လှစ်

စစ်ကိုင်း နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုနှင့် အတူ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံကွန်ပျူတာ သင်တန်း (၃/၂၀၃) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက အခြေခံကွန်ပျူတာသင်တန်း (၃/၂၀၂၃) ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများကို ဦးစားပေး၍ သင်တန်းပို့ချပေးရခြင်းဖြစ်ကြောင်း၊ အခြေခံကွန်ပျူတာ ပညာရပ်တွေကို ဝန်ထမ်းများ ကျွမ်းကျင်စွာ တတ်မြောက်ထားမှသာလျှင် ရုံးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် သင်တန်းသား/ သင်တန်းသူများ အနေဖြင့် အခမဲ့သင်ကြား ပေးသော်လည်း တန်ဖိုးရှိစွာ လေ့လာသင်ကြားသွားကြပါ သင်တန်းမှ ချမှတ် ပေးတဲ့ စည်းကမ်းများကိုလည်း လိုက်နာသွားကြပါ၊ ရရှိသွားမဲ့ပညာရပ်တွေကိုလည်း မိမိအတွက်၊ မိမိဌာနအတွက်၊ မိမိတို့ နိုင်ငံတော်ကြီးအတွက် ဆက်လက်လေ့လာဆည်းပူးသွားကြပါလို့ ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို နိုဝင်ဘာ(၁၅)ရက်နေ့မှစ၍ (တစ်လ)ကြာ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ (၂၀)ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်