တောင်ငူမြို့ ၌ “လူကုန်ကူးမှုဆိုင်ရာ” အသိပညာပေးဟောပြောပွဲ ကျင်းပ

တောင်ငူနိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ် (တောင်ငူ)နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ (၁၀)ရပ်ကွက်ရှိ အုတ်ကျွတ်တန်း အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ “လူကုန်ကူးမှုဆိုင်ရာ” အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ် (တောင်ငူ)မှ ဒုတိယရဲအုပ် ပေါ်ထွန်းက “လူကုန်ကူးမှုအဓိပ္ပါယ်၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအခန်း(၇)ပါ ကလေးသူငယ်၏ အခွင့်အရေးများအကြောင်းတို့ကို ဟောပြောဆွေးနွေးပြောကြားခဲ့ပြီး လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီခိုင်နှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)