အင်္ဂပူ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထန်းတောစုကျေးရွာအုပ်စု၊ ရွာဟောင်းကုန်းရွာ၊ အမြင့်ဘုန်းကြီးကျောင်းတွင် ယနေ့ နေ့လယ်ပိုင်းက လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့်ပြည်သူလူထု တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက စစ်ကြောင်း(၅)ကြောင့် ဖြင့် တွေ့ဆုံပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်လှိုင်က နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ဒုရဲမှူး ဇော်မင်းထွန်းက မှုခင်းကြိုတင် ကာကွယ်ရေး၊ မှုခင်းကျဆင်းရေး၊ လူကုန်ကူးမှု ဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ မိမိတို့ကဏ္ဍအလိုက် စိုက်ပျိုးရေး၊ မွေးမြုရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ဒေသခံပြည်သူများမှ တင်ပြသည့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲပြုလုပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်လှိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးနှင့် ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)