မြောင်းမြမြို့ မူလွန်ဘုရားချောင်း (ရပ်) ကျောင်းတွင် ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

မြောင်းမြ နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.မ.က (လွန်) ဘုရားချောင်း (ရပ်) ကျောင်း၌ လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ဟောပြောပွဲနှင့် နံရံစာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့ နံနက် (၁၀:၃၀) နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး
နောက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ဟောပြောခဲ့သည်။   ဆက်လက်၍  ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က တန်ဆောင်တိုင်ပွဲတော်အကြောင်းနှင့် "အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီးနောက် ကျောင်းဆရာမကြီး ဒေါ်အုန်းကြိုင်မှ နိဂုံးချုပ် ကျေးဇူးတင်စကား ပြောခဲ့ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲတွင်  ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)