အောင်လံ နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ကံမလေးကျေးရွာအုပ်စု ကံမလေးဆိုလာ လျှပ်စစ်မြစ်ရေတင်ဖြင့် မိုးစပါးစံကွက်ရိတ်သိမ်းမှုကို ယမန်နေ့ မွန်းလွဲ (၂) နာရီ က ပြုလုပ်ခဲ့ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဦးစီးမှူးနှင့်ဝန်ထမ်းများ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် ကံမလေးကျေးရွာ အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းမှုတွင် ကံမလေးဆိုလာ လျှပ်စစ်မြစ်ရေတင် ကွင်းအမှတ် (၁၉၇-A) ဦးပိုင်အမှတ် (၁၇၅) တောင်သူဦးစိုးမြင့်၏ ဧရိယာ (၀.၇၅) ရှိ ဆင်းသုခစပါးမျိုးအား ကံမလေးဆိုလာ လျှပ်စစ်မြစ်ရေတင်တို့နှင့် မိုးစပါးစံကွက်ရိတ်သိမ်းရာ စပါးအစိုထွက် (၁) ဧကလျှင် သင့်ကိုယ်စားပြု (၁၀၃.၄၈) တင်း၊ ဦးပိုင်အမှတ် (၁၇၆/၃) ဧရိယာ (၁.၂၅) တောင်သူဒေါ်နွဲ့၏ ညံ့ကိုယ်စားပြု မှော်ဘီစပါးမျိုးအား စံကွက်ရိတ်သိမ်းရာ (၁) ဧကလျှင် အစိုထွက် (၇၆.၁၅) တင်းနှုန်း နှင့် ဦးပိုင်အမှတ် (၁၇၆/၂) ဧရိယာ (၁.၁၁) တောင်သူဒေါ်နွဲ့၏ ကောင်းကိုယ်စားပြု မှော်ဘီစပါးမျိုးအား စံကွက်ရိတ်သိမ်းရာ (၁) ဧကလျှင် အစိုထွက် (၁၂၆.၉၁) တင်း ထွက်ရှိကြောင်း သိရသည်။
အောင်လံ(ပြန်/ဆက်)