ညောင်တုန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဈေးဦးကျွန်း အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ညောင်တုန်း နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဈေးဦးကျွန်း အခြေခံပညာ မူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အမာရှိန်က စာဖတ်ရှိန် မြှင့်တင်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ စသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာ အသိပညာပေး အကြောင်းအရာများကို လည်းကောင်း၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်စုစုခင်က အားကစားအဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ အားကစားသိပ္ပံကျောင်း တက်ရောက်မည့်သူများ အရည်အချင်း သတ်မှတ်ချက်ဆိုင်ရာများ စသည့်အကြောင်းအရာများကို လည်း‌ကောင်း ဟောပြောခဲ့ပြီး စာအုပ်စာစောင်နှင့် အားကစားပစ္စည်းများလှူဒါန်းခြင်း၊ အသိပညာပေး နယ်လှည့်နံရံကပ် စာစောင်ပြသခြင်းနှင့် အားကစား သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)