ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ ကွန်ပျူတာအခြေခံသင်တန်း (၃/၂၀၂၃)ဖွင့်ပွဲ ကျင်းပ

ကန့်ဘလူ နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ် (/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းတက်ရောက်လာသူ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချမှုများကို စနစ်တကျ လေ့လာသင်ယူ မှတ်သားပြီး လုပ်ငန်းခွင်နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်ရန်အတွက် ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြဆရာ ဦးမျိုးကိုကိုအောင်က သင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်ဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးတက် ရောက်ကြပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ ၁ လကြာ အခမဲ့သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)