ငါးသိုင်းချောင်း နိုဝင်ဘာ ၁၆
ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ကွင်းလျားကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ငဝန်မြစ်ရေတိုက်စားမှုကြောင့် ဦးဖြိုးသူ ပိုင်ဆိုင်သည့် ဓနိမိုး၊ ထရံကာ၊ ကြမ်းခင်း လူနေအိမ်( ၁)လုံး ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှု မရှိပါကြောင်းနှင့် ပြောင်းရွှေ့ရသည့် မိသားစုများအား နီးစပ်ရာ ဆွေမျိုးများထံသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)