ရွှေသောင်ယံ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာများ စုပေါင်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီ(၃၀)အချိန်က ပြုလုပ်သည်။
အစည်းအဝေးတွင် ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးမှ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်တာများအကြောင်း၊ လုံခြုံရေး အထူးသတိပြုရမည့်အကြောင်း၊ ကထိန်စုပေါင်းအလှူအကြောင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်၍ မြို့ရွာသန့်ရှင်းသာယာလှပရေး၊ စာရင်း၊ ဇယားများ အချိန်မီပေးပို့နိုင်ရန် စသည်ဖြင့် ပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းဆောင်တာ ကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
အစည်းအဝေးသို့ မြို့အုပ်ချုပ်ရေးမှူးနှင့်အတူ ရွှေသောင်ယံနယ်မြေ ရဲစခန်းမှူး၊ မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)