မြို့သစ်၌ ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (အပိုဆောင်း) ဆက်လက်ထိုးနှံ

မြို့သစ် နိုဝင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌  သံဃာတော်များ၊   ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (အပိုဆောင်း) ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီက မြို့သစ်မြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက  စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွါစေခြင်းစသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။

မြို့သစ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်း ထိုးနှံပေးခြင်းကို ယမန်နေ့ညနေ (၂) နာရီက ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေးထိုးနှံပြီးသူ (၁၅၀) ဦးထိုးနှံခဲ့ပြီး ကာကွယ်ဆေးထိုးနှံပေးနေမှုကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်‌ရေးနှင့် အရေး‌ပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ သူနာပြုအဆင့် (၁) ဆရာဖုန်းနန္ဒကျော်တို့က ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)