အခြေခံစက်ချုပ် (မွမ်းမံ)သင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ ကျင်းပ

ဖျာပုံ နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး ကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံစက်ချုပ် (မွမ်းမံ) သင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကို ယမန်​နေ့ နံနက်ပိုင်းအချိန်က ဖျာပုံ​မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်​ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး နိုင်လင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးအောင်ဖြိုးက စီမံကိန်းအကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး နိုင်လင်း၊ တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဖြိုးနှင့် တာဝန်ရှိသူများက ထူးချွန်သင်တန်းသား (၅)ဦးအား ဒေသဖွံ့ဖြိုးရေးသုံး ပစ္စည်းများနှင့် သင်တန်းဆင်းကဒ်များ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ပြီး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)