ကလေးဝမြို့ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကလေးဝ နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း နံရံကပ်စာစောင်များ ပြသခြင်းနှင့် အသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးရာဇာဝင်းက လူသားနှင့်သစ်ပင်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးက စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်းများနှင့် စားသုံးသူ အခွင့်အရေးဆိုင်ရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက ကလေးအလုပ်သမား အဓိပ္ပါယ် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ ဒုဦးစီးမှူး ဒေါ်ဇာဇာလှိုင်းက လူငယ်နှင့် စာဖတ်ခြင်း၊ မြို့နယ်လျှပ်စစ်မှူး ဦးအောင်လှိုင်ဝင်းက လျှပ်စစ်အန္တရာယ်အကြာင်း သိကောင်းစရာများ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ကြပြီး ဒုမြို့နယ်ပညာရေးမှူး ဦးတင်ထွဋ်က အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေး၍ ပညာရေးဌာနကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဇေယျာရွှေမြေ အသိပညာပေး ကလေးအလုပ်သမား ပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး လက်ကမ်းစာစောင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက ထုတ်ဝေသော အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။

အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြသထားသော နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)