ပိုင်ကျုံမြို့၌ မိသားစုဆီ ဖူလုံရေးအတွက် တပိုင်တနိုင် နှမ်းများ စိုက်ပျိုးထားလျက်ရှိ

ပိုင်ကျုံ နိုဝင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဒေသနေ ပြည်သူများ အနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် တွဲဖက်ကာ ဆီထွက်သီးနှံဖြစ်သည့် နှမ်းစိုက်ပျိုးခြင်းကို အသက်မွေးဝမ်းလုပ်ငန်းအဖြစ် အဓိကထား လုပ်ကိုင်လျက်ရှိသည်။ 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ တောင်ယာလုပ်ငန်းများကို လုပ်ကိုင်သည့် တောင်သူဦးကြီးများအနေဖြင့် မိမိတောင်ယာတွင် ဆူးထိုးစိုက်ပျိုးသည့် စပါးများအပြင် မိသားစု ဆီဖုံလုံရေးတွက် မိုးနှမ်းများကိုလည်း သီးညှပ်အဖြစ် စိုက်ပျိုးခဲ့ကြကြောင်း၊ လယ်ယာလုပ်ကိုင်သည့် တောင်သူလယ်သမားတို့လည်း မိမိလယ်ယာမြေများနှင့် ကိုင်းမြေများတွင် စပါးများအပြင် စားသုံးဆီ ဖူလုံရေးအတွက် စိုက်ပျိုးစရိတ် သက်သာသည့် မြေပဲနှင့် နှမ်း စိုက်ပျိုးခြင်းလုပ်ငန်းကိုလည်း တွဲဖက်စိုက်ပျိုးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိသားစု စားဝတ်နေရေးနှင့် ဆီဖူလုံရေးအတွက် အထောက်အကူ ဖြစ်စေပြီး မိသားစု အပိုဝင်ငွေ ရရှိရန်အတွက် ယခုနှစ်တွင် နှမ်းများ ပိုမိုစိုက်ပျိုးလာကြောင်း၊ ယခင်နှစ် နှမ်းတစ်တင်းလျှင် ငွေကျပ် ၉၅၀၀၀ ထိ ရောင်းချရကြောငါး၊ ယခုနှစ်မှာလည်း  နှမ်းများ ပေါ်ချိန်တွင်  စျေးကောင်းရရန် မျှော်လင့်ကြောင်း၊ ယခုနှစ် မိုးနှောင်းကာလတွင် မိုးရွာသွန်းမှုများ ခြင်းကြောင့် နှမ်းများ အထွက်တိုးမည်ဖြစ်ကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရသည်။

နော်ခူး(ပြန်/ဆက်)