ဓနုဖြူ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော "ကိုယ့်ကိုကိုယ်ယုံကြည်မှု" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကိုယ့်ကိုယ်ယုံကြည်မှု စာအုပ်ထဲမှ ကိုယ့်ကိုယ်ကိုယုံကြည်မှုခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။ ထို့နောက် (Women Club) အသင်းဝင်များဖြစ်သော ဒေါ်ရီရီမြင့်က ထိပ်ဆုံးမှ ဆုံတွေ့တယ်တဲ့ ခေါင်းစဥ်ဖြင့် လည်းကောင်း၊ ဒေါ်ခင်ဝင်းမှ စာဖတ်ကျင့် ခေါင်းစဥ်ဖြင့် လည်းကောင်း၊ ဒေါ်ချမ်းမြေ့သူမှ ပထမဦးစွာ သိစရာနှစ်ချက် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်အိဖြူသိန်းမှ ရှောင်လွှဲ၍မရသော အခြေခံသဘော တရား ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်အိအိမွန်မှ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်ချိုဝေလွင်မှ ကောင်းသော အကျင့်ဖြင့် မိမိကိုယ်ကိုမြှင့်တင်နည်း ခေါင်းစဥ်ဖြင့် စာအုပ်ပါအကြောင်းအရာများကို အသီးသီးသုံးသပ်ဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များက သိရှိလိုသည်များအား မေးမြန်းကြရာ အသီးသီးပြန်လည် ဆွေးခဲ့ကြ ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)