ဓနုဖြူ နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မအူပင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်မင်းဦးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းနှင့် စနစ်တကျအမှိုက်ခွဲခြားစွန်ပစ်ရေးတို့အား အသိပညာပေး ဟောပြော ခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အမှိုက်ခွဲခြားစွန့်ပစ်စေရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းဖို့ အမှိုက်ခွဲခြား စွန့်ပစ်စို့၊ အမှိုက်ဆိုတာဘာလဲ၊ အမှိုက်တွေကို ဘယ်လိုစွန့်ပစ်ကြမလဲ၊ ပလတ်စတစ်မှပေးသော အန္တရာယ်၊ စာသင်ကျောင်းများတွင် ပလတ်စတစ်လျှော့ချ နိုင်မည့် နည်းလမ်း(၉)မျိုး စသည့်အချက်ပါ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူ (၁၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)