စုကလိ နိုဝင်ဘာ ၁၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယနေ့လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်မောင်မယ်များဖြစ်စေရန်နှင့် ပညာရေးတွင်ထူးချွန်ထက်မြက်သော ကလေးငယ်များဖြစ်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ပိုပိုအောင်က ကျောင်သားလူငယ်များအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ အကြောင်းနှင့် ပညာသင်ကြားရခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ မိမိတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်များအား မှန်ကန်စွာဆုံးဖြတ်နိုင်ကြစေရန် အနာဂတ်တွင် မိမိတို့ကိုယ်တိုင် တိုင်းကျိုးပြည်ပြု လူငယ်များဖြစ်လာစေရန် မည်သည့်ကိစ္စများတွင်မဆို အလေးအနက်ထားဆောင်ရွက်ကြစေရန် ဟောပြောပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းလုပ်ငန်းများအား လစဥ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပိုပိုအောင်