ကလိန်အောင် နိုဝင်ဘာလ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်လဲ့က ကျောင်းသား/သူများ၊ လူငယ်လူရွယ်များအား ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင်ရန် ဥပဒေနှင့် ပြစ်မှု/ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံတွင် ကလေးများအတွက် အကာအကွယ်ပေးထားသည့် ဥပဒေများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများ၊ အလုပ်ရုံးများ၌ ကလေးအလုပ်သမားများ၏ အလုပ်အချိန် သတ်မှတ်ထားမှုများ၊ ကလေးအလုပ်သမားများကို ဥပဒေမဲ့ အလုပ်ခိုင်းစေခြင်းဖြင့် ချမှတ်နိုင်သည့် ဥပဒေများ၊ ကလေးအလုပ်သမားများသည် အလုပ်ခွင်၌ အချိန်ပြည့်နီးပါး အလုပ်လုပ်ကြရသဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုများ မလွဲမသွေခံစားကြရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားနှင့် ပတ်သက်၍ ကာကွယ်ပေးထားသည့် ဥပဒေများရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား/သူများ၊ လူငယ်လူရွယ်များက စိတ်ဝင်စားစွာ ကြည့်ရှုကြကြောင်းသိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)