ရွှေတောင်မြို့နယ်တွင် အာတလွတ်ဥ (ခေါ်)ဝါးဥစိုက်ပျိုး၍ မိသားစုအပိုဝင်ငွေရရှိ

ရွှေတောင် နိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စု၊ ညောင်ဝိုင်းရွာသစ်ကျေးရွာတွင် မိသားစုတစ်ပိုင်တစ်နိုင် အာတလွတ်ဥ (ခေါ်) ဝါးဥစိုက်ပျိုး၍ မိသားစုများ အပိုဝင်ငွေရရှိကြောင်း သိရသည်။

အဆိုပါ အာတလွတ်ဥ (ခေါ်) ဝါးဥကို ပြုတ်၍ ဆီ၊ ဆားနှင့်သော်လည်းကာင်း၊ နှမ်း၊ မြေပဲဖြင့် သုပ်စား၍သော်လည်းကောင်း စားသုံးကြပြီး ၎င်းကိုစားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုဖြစ်‌စေခြင်း၊ သွေးအားနည်းခြင်းကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှု၊ နှလုံးကျန်းမာရေးနှင့် ဆီးချိုရောဂါများအတွက် ကျန်းမာရေးအထာက်အကူပြုကြောင်းလည်း သိရသည်။

အာတလွတ်ဥ (ခေါ်) ဝါးဥစိုက်ပျိုးမှုနှင့်ပတ်သက်၍ ဝါးဥမှအမြစ်ကိုပျိုးထောင်၍ ပြန်လည်စိုက်ပျိုးရာဒေသအခေါ် တစ်ယောက်စိုက်အတွက် မြေသြဇာနှင့် စိုက်ပျိုးစရိတ်ကုန်ကျငွေ (၁) သိန်းခွဲခန့်ကုန်ကျပြီး မိုးဦးကျကာလမှ စတင်စိုက်ပျိုးရာစိုက်ပျိုးချိန်မှ (၅) လခန့်အကြာတွင် တူးဖော်ရောင်းချနိုင်ပြီဖြစ်ကြောင်း သိရသည်။

အာတလွတ်ဥ (ခေါ်)ဝါးဥများ တူးဖော်ရောင်းချချိန်တွင် (၁) ပိဿာလျှင် အချောစျေး(၂၅၀၀) ကျပ်နှုန်းရှိပြီး သောင်းပြောင်းစျေး (၁) ပိဿာလျှင် (၁၇၀၀) ကျပ်ရရှိကာ ပိဿာချိန် (၂၀၀)ပိဿာခန့်ထွက်ရှိပြီး အမြတ်ငွေ (၂)သိန်းခန့်ရရှိ၍ မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ဝါးဥစိုက်ပျိုးရောင်းချသူ တောင်သူဦးမျိုးအောင်ထံမှ သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)