ရေဖြူ နိုဝင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ (ခ)ရပ်ကွက်နေ တောင်သူဦးမျိုးနိုင်၏ ဆင်းသုခ(Seeder)စံပြမိုးစပါးစိုက်ခင်း(၆.၆)ပေ စံကွက်ရိတ်သိမ်းပွဲကို စိုက်ပျိုးရေးဦးစီးဌာန ယမန်နေ့က ကျင်းပခဲ့သည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရေဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါစံကွက်ရိတ်သိမ်းရာတွင် ဆင်းသုခစပါး တစ်ဧကလျှင် အစို(၁၁၉)တင်းနှုန်းထွက်ရှိပြီး ရေဖြူမြို့နယ်တွင် မိုးစပါး စိုက်ဧက (၂၄၈၆၀)ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်မင်းထံမှ သိရသည်။
ခတ္တာ(ပြန်/ဆက်)