လိပ်သို နိုဝင်ဘာ ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ ဥယျာဉ်ခြံလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြရာ မိသားစု စားဝတ်နေရေးအတွက် တောင်ယာများနှင့် အိမ်ခြံဝင်းအတွင်း စိုက်ပျိုးထားရှိသည့် သီးနှံပင်များတွင် ရွှေဖရုံပင်များလည်း အပါအဝင်ဖြစ်ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အရွယ်အစားအပေါ်မူတည်၍ ဈေးရရှိလျက်ရှိကြောင်း သိရသည်။
ဒေသခံများမှာ ယခင်က ရွှေဖရုံသီးများကို စားသုံးရန်နှင့် လက်ဆောင်ပေးရန်အတွက်သာ ဖြစ်သလိုစိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါ ဝယ်ယူစားသုံးသူများပြားလာ၍ ဈေးကောင်းရရှိလာသောကြောင့် လိပ်သိုမြို့ပေါ် ဈေးဆိုင်များတွင် ရွှေဖရုံသီး အလုံးအကြီး/အသေးပေါ် မူတည်၍ လက်လီဈေးတစ်လုံးလျှင် ကျပ် (၁၀၀ဝိ /-) မှ (၂၅၀ဝိ/-) ကျပ်အထိ ရောင်းချနေရသည်။
ရွှေဖရုံသီးကို ချက်ပြုတ်စားနိုင်သလို အစိမ်းအတိုင်းလည်း သုပ်စားနိုင်ကြောင်း၊ အသား၊ ငါးဖြင့်လည်းရော၍ ချက်စားကြကြောင်း၊ ရွှေဖရုံယိုကဲ့သို့ အိမ်လုပ်မုန့်အချိုများလည်း ပြုလုပ်စားသုံးနိုင်ကြောင်း၊ အာဟာရပြည့်ဝပြီး အရသာချိုသောကြောင့် နှစ်ခြိုက်စွာ ဝယ်ယူစားသုံးကြကြောင်း ရွှေဖရုံသီးရောင်းချသူ တစ်ဦးထံမှ သိရသည်။
ခင်လေးနွယ် (လိပ်သို)