ညောင်လေးပင် နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်က မြို့မဈေးကြီးအတွင်း၊ အပြင်၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ကုန်ဆိုင်များနှင့် ဆေးအရောင်းဆိုင်များ၌ FDA အသိအမှတ်ပြု မှတ်ပုံတင်တံဆိပ်မပါရှိသော စားသောက်ကုန်များနှင့် ဆေးဝါးများ ရောင်းချနေခြင်း ရှိ၊မရှိအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို FDA ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မီမီသော်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သက်မိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများမှ မြို့မဈေးအတွင်း/အပြင်ရှိ စားသောက်ကုန်ဆိုင်များနှင့် ဆေးဆိုင်များ၌ FDA အသိအမှတ်ပြု မှတ်ပုံတင်တံဆိပ်မပါရှိသော ကုန်ပစ္စည်းများ၊ ဆေးများနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိစစ်ဆေးခဲ့ပြီး ရောင်းချသူများအနေဖြင့် သတ်မှတ်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
မြို့နယ် (ပြန်/ဆက်)