ဖြူး နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ခြောက်သွေ့သည့် ကာလရောက်လာသည်နှင့် အမျှ မီးလောင်မှုများပိုမိုဖြစ်ပွားနိုင်သည့်အတွက် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ကာ ဈေးသူ ဈေးသားများ မီးဘေးကြိုတင်ကာကွယ်နိုင်ကြစေရန်၊ ဖြူးမြို့မစျေးအတွင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့် တာဝန်ရှိသူများသည် ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများတွင် မီးသတ်ဆေးဗူးများထားရှိမှုအခြေအနေ၊ မီးသတ်ဆေးဗူးမရှိသည့် ဆိုင်များအားထားရှိရေး စည်းရုံးခြင်း၊ အရေးပေါ်ဖြစ်ပေါ်လာပါက မီးသတ်ဆေးဗူးများ အသုံးပြုတတ်စေရန်၊ မီးလောင်လွယ်သည့် ပစ္စည်းများနှင့် အမှိုက်များရှင်းလင်းခြင်းများကို စစ်ဆေးခြင်းအသိပေးခြင်းများကို မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)