ပေါင်းတည်၌ ဆောင်းသီးနှံများ ဖြစ်ထွန်းအောင်မြင်ရန် စိုက်ပျိုးထုတ်လုပ်

ပေါင်းတည် နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ဒေသတွင်းစားနပ်ရိက္ခာဖူလုံပြည့်စုံရေးနှင့် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ဖြန့်ဖြူးပေးနိုင်ရေးအတွက် ယခုနှစ်ဆောင်းသီးနှံများဖြစ်ထွန်းအောင်မြင်ရေး ဂရုတစိုက်အလေးထားစိုက်ပျိုးထုတ်လုပ်မည်ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

ယခုလအထိ နွေစပါး ၂၂၇၁၂ ဧက စိုက်ပျိုးထုတ်လုပ်ရန်လျာထားလျက်ရှိကြောင်း၊ နှမ်းစိုက်ဧကမှာ ၇၇၁၈ ဧက၊ မြေပဲ စိုက်ဧက ၅၁၄၃ ဧက၊ နေကြာ ၄၆၅၉ ဧက၊ မတ်ပဲ ၃၉၁၈၃ ဧကနှင့်ပဲတီစိမ်း ၆၇၂၈ဧက စိုက်ပျိုးထုတ်လုပ်ကြမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ဟင်းသီးဟင်းရွက်စိုက်ပျိုးပျိုးမှုကို ၃၆၈၂ ဧကအထိ တိုးချဲ့စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ဖူးစားပြောင်းကို ဒေသစျေးကွက်ရှိခြင်းကြောင့် ​စိုက်ပျိုးမြေ၃၄၂ ဧကတွင် ၃ ရာသီပတ်လုံး အလှည့်ကျစိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

သူရကြီး( ပြန်/ဆက်)