ကြံခင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကြံခင်း နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာ‌ရေးဝန်ထမ်းများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က  ဆီထွက်သီးနှံဆောင်းနေကြာ သတ်မှတ်ဧကစိုက်ပျိုးနိုင်ရေး၊ မိုးစပါး(၁၀)တင်းထွက်ရှိရေး ရည်မှန်းဆောင်ရွက်ပြီး နွေစပါး(၁၁)တင်းနှုန်း ပိုမိုထွက်ရှိရေးကို မျိုး၊ မြေ၊ ရေနည်းလမ်းအလိုက်  ကြိုတင်စီမံဆောင်ရွက်ရန်၊ ဆောင်းသီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ပျိုးရန်၊ ပန်းတိုင် ရည်မှန်းချက်အတိုင်း ဆောင်းနေကြာတစ်ဧက(၂၅)တင်းထွက်ရှိရေး ရည်မှန်းဆောက်ရွက်ကြရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၁) ဘီလီယံဖြင့် ချေးငွေရယူထားသည့်လုပ်ငန်းများ စစ်ဆေး ဆောင်ရွက်ရန်၊ အယ်လ်နီညိုရာသီဥတုရှိသဖြင့် အစိုဓာတ်ရှိချိန်လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊  သီးနှံအာမခံထားနိုင်ရေးဆောင်ရွက်ရန်၊ (AGT) စက်တပ်ဆင်ရေးရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေး၊  နယ်လှည့်ဆေးကုသရေယာဉ် (ရွှေပုဇွန်) ရောက်ရှိ ကုသရေး ဒေသနေပြည်သူများ အဆင်ပြေစွာကုသပေးနိုင်ရေး  ဝိုင်းဝန်းဆောင်ရွက် ကြရန်၊ လူဦးရေစာရင်း (ဖွား၊ သေ၊ ပြောင်းဝင်၊ ပြောင်းထွက်) မှန်ကန်ရေးဆောင်ရွက်ရန်၊  အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးအား အလေးထားဆောင်ရွက်ရန်၊ မိမိဌာန ရုံးပတ်ဝန်းကျင်တွင်လည်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ် (လဝက)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်း က မြို့နယ်အတွင်း (နိုင်) ၄ မှတ်ပုံတင်မရှိသေးသူ/ ပျောက်ဆုံးသူများ၊ တစ်ခုထက်ပိုသော မှတ်ပုံတင်ကိုင်ဆောင်သူများအား စိစစ်ပြီးစာရင်းအမှန်ရရှိရေး အားစုရပ်ခွဲဆောင်ရွက်ပေးသွား မှာဖြစ်ပါကြောင်း၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး စိုးငြိမ်းက မိမိနယ်မြေ ဒေသအတွင်းလုံခြုံရေး အား အထူးဂရုပြုနိုင်ရေး၊ ဧည့်စာရင်းများစစ်ဆေးကြရန်၊ လူဝင်လူထွက် ဧည့်စိမ်းများ စစ်ဆေး ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအလေးထားပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြား သည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)