ညောင်တုန်းမြို့နယ်တွင် အမှိုက်စွန့်ပစ်မှုပညာပေး ဟောပြောပွဲ ကျင်းပ

ညောင်တုန်း  နိုဝင်ဘာ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်စွန့်ပစ်မှု ပညာပေးဟောပြောပွဲမျာကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီလာဦးက ကျောင်းသား၊ ကျောင်းသူလေးများ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်တက်စေရန်၊ အမှိုက်စို၊ အမှိုက်ခြောက်များကို ခွဲခြားစွန့်ပစ်တက်စေရန်၊ တစ်ကိုယ်ရည် အမှိုက်စွန့်ပစ်မှု လျော့ကျစေရန်စသည့် ရည်ရွယ်ချက်များကို ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ဦးစီးအရာရှိ ဒေါ်တင်မိုးသူ၊ ဒုတိယဦးစီးမှူးဦးအောင်နိုင်နှင့် ဦးသန်းကျော်တို့က အမှိုက်အမျိုးအစားအလိုက် စနစ်တကျစွန့်ပစ်နည်း၊ အမှိုက်များကိုစနစ်တကျ မစွန့်ပစ်ခြင်းကြောင့် ဖြစ်ပွားနိုင်သည့် ရောဂါများအကြောင်း၊ ရေထု၊ လေထု၊ မြေထု ညစ်ညမ်းခြင်း အကြောင်းအရာများကို ဟောပြောသရုပ်‌ဖော်ပြသ၍ ကျောင်းသား၊ ကျောင်းသူများကို မေးခွန်းများ ပြန်လည်မေးမြန်းခဲ့ပြီး အဖြေမှန်သူများအား ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)