ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျုတာ အခြေခံသင်တန်း (၃/၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကလေး နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတွင် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် ကွန်ပျုတာအခြေခံတန်း (၃/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကွန်ပျူတာသင်တန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က သင်တန်းဖွင့်လှစ် ကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျုတာ အခြေခံသင်တန်း ပြင်ဆင်ထားရှိမှုနှင့် သင်ကြားမှုများကို တာဝန်ရှိသူများမှ ကြည့်ရှုခဲ့ကြသည်။

အဆိုပါ သင်တန်းကို နိုဝင်ဘာ ၁၅ ရက်နေ့မှ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ၁၂ နာရီအတွင်း သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)