မြဝတီမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀ ဦးဆေးရုံဆင်းခွင့်ရပြီး ၂၄ ဦးဆေးရုံတက်နေဆဲဖြစ်

မြဝတီ အောက်တိုဘာ ၂၃


ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀ ဦးဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး ၂၄ ဦး ဆေးရုံဆင်းတက်နေဆဲဖြစ်ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် ထံမှ သိရသည်။
မြဝတီမြို့နယ်မှာ ကိုဗစ်-၁၉ လူနာ ၄၅ ဦးရှိပါတယ်၊ အဲ့ဒီထဲကမှ ဆေးရုံဆင်းခွင့်ရရှိသူက ၂၀ ဦးထိရှိခဲ့ပြီး ဆေးရုံတက်နေဆဲကတော့ ၂၄ ဦးဖြစ်ပါတယ်၊ သေဆုံးက ၁ ဦးပါဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြော သည်။
 ဆေးရုံဆင်းခွင့်ရသူများမှာ ယခင်က ၁၈ ဦးဖြစ်ပြီး ယမန်နေ့က ၂ ဦး စုစုပေါင်း ၂၀ ဦးဖြစ်ကာ ဆေးရုံဆင်းခွင့်ရသူများကို ထပ်မံ၍ အသွားအလာကန့်သတ်ထားဖို့လည်း စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြဝတီမြို့တွင် တွေ့ရှိသည့် ကိုဗစ်-၁၉ လူနာများမှာ ပြည်တွင်းခရီးသွားရာဇဝင်ရှိသူ ၂၅ ဦး၊ ၎င်းတို့နှင့်ထိတွေ့သူ ၁၂ ဦး၊ ပြည်ပခရီးသွားရာဇဝင်ရှိသူ ၆ ဦး၊ အနံပျောက် ၂ ဦး စုစုပေါင်း ၄၅ ဦးရှိပြီဖြစ်ကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံမှ သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)