ပဲခူး နိုဝင်ဘာ ၁၅
ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပဲခူးမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပဲခူးမြို့အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသိန်းက အမှာစကားပြောကြားပြီး ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်း တာဝန်ယူထမ်းဆောင်ရမည့် အနာဂတ်မျိုးဆက်သစ်လူငယ်များအနေဖြင့် အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ကာ ဗလငါးတန်နှင့်ပြည့်စုံရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုယုံကြည်မှု၊ ရဲရင့်မှု၊ အမြော်အမြင်ရှိရှိ ဆုံးဖြတ်နိုင်စွမ်းရှိမှုတို့သည် စာဖတ်ခြင်းမှ ရရှိခြင်းဖြစ်ကြောင်းအစရှိသည့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ ပဲခူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်းက လူငယ်နှင့်အားကစားအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဝင်းကျော်က လူငယ်နှင့်ဘဝတန်ဖိုးနှင့်ပတ်သတ်၍ လိုက်နာဆောင်ရွက်ရမည့်အကြောင်းအရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်အားကစားနည်းစနစ်မှူးဦးမျိုးမင်းဦးက အားကစားနှင့်ကာယပညာ သိပ္ပံအကြောင်းများကိုဆွေးနွေးပြောကြားပြီး ကျောင်းသားကျောင်းသူများက သိလိုသည်များကို ပြန်လည်မေးမြန်းရာ မြို့နယ်အားကစားနည်းစနစ်မှူးက ပြန်လည်ဖြေကြားပေးခဲသည်။
ထို့နောက် ပဲခူးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အားကစားပစ္စည်းများအား ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပြီး အဆိုပါလူငယ်ရေးရာဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)