ဝါးခယ်မ နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ရွှေခယ်သီရိခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအပေါ် နိုင်နံပတ်ပြန်လည်ဖြည့်သွင်းခြင်း နှင့် ပန်းခင်းစီမံချက်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိသည်။
ဝါးခယ်မမြိုနယ် မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁)အုပ်စုရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအပေါ် နိုင်နံပတ်ပြန်လည်ဖြည့်သွင်းခြင်းနှင့် ပန်းခင်းစီမံချက်-၂ ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းလုပ်ငန်း တပြိုင်နက်တည်း ဆောင်ရွက်နေမှုများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)