အုတ်ဖို နိုဝင်ဘာ ၁၅
ငါးစားသုံးမှုဖူလုံရေး၊ ငါးသယံဇာတပေါကြွယ်ဝရေး၊ ဒေသခံပြည်သူအလုပအကိုင်အခွင့်အလမ်းပေါများစေရေးရည်ရွယ်၍ ငါးလုပ်ငန်းဦးစီးဌာနမှငါးမျိုးများစိုက်ထည့်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မင်းလှမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ အုတ်ဖိုမြို့နယ် ဘူတာရုံအနီးသဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်မျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် အုတ်ဖိုမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးဒေါ်ချိုချိုဝင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး Dr အဲလစ်ဇဘက်ဝင်းရှိန် မြိုနယ်မီးသတ်ဦးစီးမှူးဦးမျိုးကျော်အောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှုးဒေါ်ညွန့်စိန် မင်းလှမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနဝန်ထမ်းများ၊ အုတ်ဖိုငါးလုပ်ငန်းစခန်းတာဝန်ခံနှင့်ဝန်ထမ်းများဒေသခံပြည်သူများက ၂" အရွယ်ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၅၀၀၀၀ နှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ ၅၀၀၀၀ စုစုပေါင်းကောင်ရေတစ်သိန်းမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)