လက်ပံတန်း နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးရှိဈေးဆိုင်ခန်းများ၌ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့မြို့နယ်ဦးစီးမှူး ဦးလင်းကျော်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖွဲ့က စျေးအတွင်းရှိ ရေတွင်း၊ ရေကန်၊ ရေပိုက်ခေါင်းများ ပျက်စီးမှုရှိ/ မရှိ အပေါ့စား မီးသတ်စက်စသည့် မီးသတ်ပစ္စည်းကိရိယာများ၊ မီးသတ်ဆေးဗူးထားရှိမှုများ၊ လျှပ်စစ်မီးဝါယာကြိုးများ သွယ်တန်းထားရှိမှု၊ မီးခလုပ်တပ်ဆင်အသုံးပြုမှုစနစ်များကို လိုက်လံစစ်ဆေးပြီး ဈေးအတွင်း ဈေးရောင်းချသည့် ဈေးသည်များအား မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် သတ်မှတ်ပေးထားသည့်နေရာများတွင် ရောင်းချပစ္စည်းများကို ခင်းကျင်းရောင်းချရန်၊ မီးသတ်ဆေးဘူးများ ဆိုင်တိုင်းထားရှိရန်၊ ဈေးသူ၊ ဈေးသားများအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန်နှင့် မီးသတ်ဆေးဘူးအသုံးပြုနည်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)