စစ်ကိုင်း နိုဝင်ဘာ ၁၅
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုး၊ ဒေါ်ဥမ္မာဝင်းနှင့် ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့လေ့ကျင့်ရေးအလယ်တန်းကျောင်းသို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
ရှေးဦးစွာ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ကျောင်းသား/ ကျောင်းသူများ အနေဖြင့် ကျောင်းစာအပြင် ပြင်ပ သုတ/ ရသစာပေ များကိုလည်း ဖတ်ရှုလေ့လာပေးကြဖို့လိုကြောင်း၊ စာပေဖတ်ရှု လေ့လာခြင်းအားဖြင့် ဗဟုသုတများစွာရရှိပြီး အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်သည့် ဉာဏ်ပညာများလည်း ပိုမိုရရှိလာကြမှာဖြစ်ကြောင်း၊ မိမိတို့ဌာန အနေဖြင့် သုတ၊ ရသ စာအုပ်၊ စာစောင်များကို အခမဲ့ငှားရမ်းပေးနေသည့်အတွက် လာရောက်ငှားရမ်း ဖတ်ရှုကြပါလို့ ဖိတ်ခေါ်လိုကြောင်း ဆွေးနွေးပြီး လူကုန် ကူးမှုဖြစ်စဉ်များနှင့် လူကုန်ကူမှုမခံရအောင် အသိပညာများ ဟောပြောဆွေးနွေးပေးခဲ့ကာ ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေး “ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီ” မှ ထုတ်ဝေသည့် “ ဇေယျာရွှေမြေ” လက်ကမ်းစာစောင် များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ကျောင်းသား/ ကျောင်းသူလေးများအား နယ်လှည့် စာကြည့်တိုက်အဖြစ် ဆောင်ရွက် ပေးရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာအုပ်များ ငှားရမ်းပေးကာ ဖတ်ရှုစေ၍ မိမိတို့ဖတ်မှတ်ထားသည့် စာအုပ်များထဲ့မှ မှတ်မိသည့် အကြောင်းအရာများကို ပြန်လည်ဆွေးနွေးစေရာ ကျောင်းသား/ ကျောင်းသူလေးများက ပြန်လည် ဆွေးနွေးပေးခဲ့ကြပြီး မူးယစ်ဆေးဝါအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်၊ ဓာတ်ပုံများ ပြသပေးခဲ့ ကြောင်း သိရသည်။
စစ်ကိုင်းခရိုင် (ပြန်/ဆက်)