စေတုတ္တရာမြို့မဈေးကြီးအတွင်း အသားဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး

စေတုတ္တရာ နိုဝင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် လတ်ဆတ်သောအသားများ ဝယ်ယူစားသုံးနိုင်ရေး၊ အသားဆိုင်မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း စေတုတ္တရာမြို့မဈေးကြီးအတွင်း အမဲသား၊ ဝက်သား၊ ဆိတ်သားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိကို  ယနေ့နံနက်ပိုင်း(၇)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းဌာနများမှ ကြည့်ရှုခဲ့ပြီး မြို့မဈေးအတွင်းရှိ အသားဆိုင်များ၌ လက်ရှိမြေပြင်တွင် ရောင်းချလျက်ရှိသော (အမဲသား၊ ဝက်သား၊ ဆိတ်သား) အသားများ၏ ဈေးနှုန်းများကို ဆိတ်သားတစ်ပိဿာ (၁၂၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ (၁၂၀၀၀) ကျပ်  ၊ ဝက်သားတစ်ပိဿာ (၁၂၀၀၀) ကျပ်စျေးဖြင့် ရောင်းချရန် အသားအရောင်းဆိုင်များတွင် ဗီနိုင်းဆိုင်းဘုတ်များ ချိတ်ဆွဲကာ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းအိမွန် (ပြန်/ဆက်)