သရက်ချောင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းများဆောင်ရွက်

သရက်ချောင်း နိုဝင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရပ်ကွက်/ကျေးရွာများရှိ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မရပ်ကွက်၊ (အ.ထ.က)သရက်ချောင်း ကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခြေခံစားသောက်ကုန်များထောက်ပံ့ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့်  သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးဆောင် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့များ၊ သရက်ချောင်းမြို့နယ် World Vision ဒေသဖွံ့ဖြိုးရေးစီမံကိန်း မန်နေဂျာ စောစိုးချစ်ဦးနှင့် အဖွဲ့ဝင်များက သရက်ချောင်းမြို့နယ်အတွင်းရှိ  ဆင်ဖြူပြင်၊ မော်ရှည်ကုန်း၊ ကျောက်မြောင်း ရပ်ကွက်များနှင့် အိမ်ရှေ့ပြင်၊ ကျွဲဇပ်၊ ဆင်ကျန်း၊ လဘ၊ တီတွတ်ပြင်၊ ဆင်ကူး ကျေးရွာများရှိ အိမ်ထောင်စု (၂၈၁၇)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ၁ လီတာ ဆီ ၁ဘူး၊ ပဲခြမ်း၁ပိသာ၊ ငါးသေတ္တာ (၂)လုံး၊ ခေါက်ဆွဲထုပ် (၃)ထုပ်စီကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နန်းခလိုက်(သရက်ချောင်း)