ပွင့်ဖြူမြို့နယ်၌ မြစ်ရေဝင်ရောက်ခဲ့သည့် ကျေးရွာများရှိ ကျွဲနွားတိရစ္ဆာန်များအတွက် တိရစ္ဆာန် အာဟာ ရ ယူရီးယားသကာတုံးများ ထောက်ပံ့ပေးအပ်

ပွင့်ဖြူ   အောက်တိုဘာ  ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့စဉ်က ရေဝင်ရောက်ခဲ့သည့် ကျေးရွာများမှ ဒေသခံပြည်သူများ မွေးမြူထားရှိသော ကျွဲနွားတိရစ္ဆာန်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် အာဟာရပြည့်ဝစေရန် ရည်ရွယ်၍ တိရစ္ဆာန် အာဟာရတုံး (ယူရီးယားသကာတုံး) များ ထောက်ပံ့ပေး အပ်ခြင်းကို ယ​နေ့ နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါ တိရစ္ဆာန် အာဟာရ ယူရီးယားသကာတုံးများ ထောက်ပံ့ပေးအပ်ခြင်းကို မြစ်ရေဝင်ရောက်ခဲ့ သော ကျေးရွာအုပ်စုများဖြစ်သည့် အရှေ့လေးအိမ်ကျေးရွာအုပ်စု ၊ ပေတောကျေးရွာအုပ်စု၊ ကျွဲတိကျေး ရွာအုပ်စု၊ နန်းတော်ကျွန်း ကျေးရွာအုပ်စု၊ သံကိုင်းကျေးရွာအုပ်စု ၊ ဆည်မုန်းကျေးရွာအုပ်စု ၊ ညောင်ခြုံ ကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာအုပ်စု တို့မှ အိမ်ထောင်စု (၂၈၄)စုရှိ ကျွဲနွားကောင်ရေ ၁၄၂၀ ကောင်အတွက် တိရစ္ဆာန်အာဟာရ ယူရီးယားသကာတုံး (၂၈၄) တုံးအား အခမဲ့ ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်းသိရသည်။

ထိုသို့ ထောက်ပံ့ပေးရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးက ကျွဲနွား တိရစ္ဆာန်များ အာဟာရ ပြည့်ဝစေရေး ကျွေးမွေးရမည့် နည်းစနစ် များကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)