ပေါက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ်လုပ် စိုက်ခင်းများအား ပိုမွှားကျရောက်မှု ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေး

ပေါက် အောက်တိုဘာ ၂၃

ပေါက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနကကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ်လုပ် စိုက်ခင်း များအား ပိုမွှားကျရောက်မှု ရှိ၊ မရှိကို‌ အောက်တိုဘာ၂၂ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

ပေါက်မြို့နယ်တွင် မိုးစပါး မျိုးစေ့ထုတ်စိုက် တောင်သူများအား ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေ အနေအရ ဒေသခံတောင်သူများအနေဖြင့် မျိုးစပါးလိုအပ်ချက်မရှိစေရေး မျိုးကောင်းမျိုးသန့် မျိုးစပါးများကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ပြီး အခြားတောင် သူများကိုလည်း ပြန်လည်ဖြန့်ဝေ ပေးနိုင်စေရေးအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော CERP Plan အရ မျိုးစပါး၊ စိုက်ပျိုးစရိတ်၊ မျိုးခွဲပယ်ခြင်းနှင့် ဓာတ်မြေဩဇာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 အဆိုပါ မိုးစပါး မျိုးစေ့ထုတ်လုပ်စိုက်ပျိုးလျက်ရှိသော ပခုက္ကူခရိုင် ပေါက်မြို့နယ် အင်းတော ကျေးရွာအုပ်စု အုန်းတောကျေးရွာ၌ မိုးစပါး ဆင်းသုခမျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ် စိုက်ခင်း (၁၂) ဧကအား မြို့နယ်စိုက်ပျိုးရေးဦး စီးဌာနမှ မြို့နယ်ဦးစီးမှုး ဦးဝင်းကိုနှင့် ဝန် ထမ်းများက လယ်စိုက်တောင်သူများနှင့်အတူ သွား ရောက်ပြီး ပိုးမွှားကျရောက်မှု ရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

မျိုးစေ့ထုတ်လုပ် ဆင်းသုခမိုးစပါးများ အထွက်နှုန်းကောင်းမွန်စေရေး မျိုးနှောမျိုးရောမရှိစေရေး မျိုးကွဲပယ်ခြင်း ပေါင်းမြက်များနှုတ်ပယ်ခြင်း ရောဂါပိုးမွှားများမကျရောက်စေရေး ကျရောက်ပါက ကာကွယ် နှိမ်နှင်းရေး နည်းလမ်းများကို တောင်သူများအား အသိပညာပေး ဆွေးနွေး ပြောကြားပြီး မျိုးစပါးရိတ် သိမ်းချိန်တွင် ပြောင်းလဲလာသည့် ရာသီ ဥတုအခြေအနေအရ အထူးသတိပြုပြီး အချိန်မီစနစ်တကျ ရိတ်သိမ်းခြွေလှေ့ သိုလှောင်နိုင်စေရေးအတွက် မြို့နယ်ဦးစီးမှူး ဦးဝင်းကိုက တောင်သူများအား နည်းပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ပေါက်မြို့နယ် အတွင်း၌ CERP အစီအစဉ်ဖြင့် မိုးစပါး ဆင်းသုခ မျိုးကောင်းမျိုးသန့် မျိုးစေ့ ထုတ်လုပ် စိုက်ပျိုးဧက စုစုပေါင်း(၃၄၆)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဉာဏ်တိုး​ (ပေါက်)