ကျောက်တလုံးကြီး နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်း ကလေးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပင်တွန် အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့ ဟမ်းဆီးကျေးလက် ကျန်းမာရေးဌာနမှ ဒေါ်နန်းနွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက ပင်တွန်ကျေးရွာအုပ်စုရှိ အခြေခံပညာကျောင်းများမှ အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူ (၁၇၇)ဦးကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေးသည်။
(HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် အမျိုးသမီးငယ်များအား ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးစောလျင်စွာ ထိုးနှံထားခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း