ပလောက် အောက်တိုဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မြို့ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်း များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အပြင်ထွက် သွားလာသူများတွင် (Mask) စနစ်တကျ တပ်ဆင်သွားလာရေးစစ်ဆေးခြင်းများကို ယနေ့ နံနက်ပိုင်းက အရှိန်အဟုန်မြှင့် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ စည်ပင်သာယာ ဈေးကြီးအတွင်း/ အပြင်နှင့် ဗဟိုလမ်းမကြီး တွင် ဖြတ်သန်းသွားလာနေကြသူများအား (Mask ) စနစ်တကျ တပ်ဆင်သွားလာကြ ရေးကို စစ်ဆေးခြင်း၊ အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် နှာခေါင်းစည်း( Mask )တပ်ဆင်ခြင်း မရှိပါကအခုဝယ်၊အခုတပ် စနစ်ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်ပြန်/ဆက်)