အိမ်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

အိမ်မဲ နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ၂၀၂၃ ခုနှစ် ကမ္ဘာ့ ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်တွင် အဆိုပါ ဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဒေါက်တာ သန်းဌေးက ဆီးချိုသွေးချိုရောဂါ အတွက် ဆောင်ရန်၊ ရှောင်ရန်များနှင့် အဖွင့်အမှာစကားများကိုပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးကျော်အောင်က “ဆီးချိုသွေးချိုကာကွယ်ဖို့၊ ကိုယ်တိုင်သိရှိ ဆင်ခြင်စို့” ခေါင်စဥ်ဖြင့် ကျန်းမာရေးအသိပညာပေးခဲ့ပြီး သရုပ်ပြ လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး တက်ရာက်လာသာ ဌာနဆိုင်ရာများ၊ NGO, INGO များ၊ ပြည်သူများမှ ဆီးချိုသွေချိုရောဂါနှင့် ပတ်သက်ပြီး သိရှိလို သည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ပြန်လည်ဖြေကြားပေးခဲ့ကာ အခမ်းအနား တက်ရာက်လာသော အသက် (၄၀)နှစ်နှင့်အထက် ပြည်သူများအား ဆီးချိုသွေးချိုရောဂါရှိ/ မရှိ သွေးဖောက်စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးပြီး အဆိုပါ ကမ္ဘာ့ဆီးချို သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို အိမ်မဲမြို့နယ် အတွင်းရှိ ကျန်းမာရေးဌာန/ဌာနခွဲများအားလုံးတွင် တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)