ဟင်္သာတ နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဟင်္သာတ ခရိုင်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ကျင်းပနိုင်ရေး ကော်မတီဝင် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟင်္သာတမြို့ပေါ် ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ကထိန် အာနိသင်မရရှိသည့် ဘုန်းကြီးကျောင်းများကို ပေါင်းပြီး ကထိန်ရာသီနောက်ဆုံးနေ့ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့တွင် စုပေါင်းမဟာဘုံကထိန် ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း၊ နယ်မြေအေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုရှိသည့် အခြေအနေများကြောင့် ယခုနှစ်တွင် ပဒေသာပင်များ စီတန်း လှည့်လည်ကျင်းပသွားမည်ဖြစ်ကြောင်း၊ စီတန်းလှည့်လည်ရေးတွင် လုံခြုံရေးပိုင်းဆိုင်ရာအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့များမှလည်း ပူးပေါင်း၍ ဆောင်ရွက်ပေးစေလိုကြောင်း၊ ဆွမ်းဆက်ကပ်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ကြိုဆိုနေရာချထားရေးစသည့် အစီအစဉ်များအား စနစ်တကျရှိစေရေးအတွက် သက်ဆိုင်ရာဆပ်ကော် မတီများအလိုက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များမှ လိုအပ်သည်များအား ဆွေးနွေးပြောကြားကြသည်။ ဆက်လက်၍ ဟင်္သာတခရိုင် လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ကျင်းပနိုင်ရေး ကော်မတီဝင် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌတို့မှ ဆပ်ကော်မတီများအလိုက် တာဝန်ယူဆောင်ရွက်ထားသည့် လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက် ထားရှိမှုတို့ကို ဆွေးနွေးတင်ပြခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက တင်ပြချက်များအပေါ် ပေါင်းစပ်ဆွေးနွေး ဆုံးဖြတ်ပေး ခဲ့ပြီး တက်ရောက်လာသည့် ခရိုင်အဆင့် ဌာနဆိုင်ရာများမှ အထွေထွေဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)