မေတ္တာ နိုဝင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ရုံး (Community Centre)ခန်းမတွင်(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အကြိုယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းနှင့်ပတ်သက်၍ မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး) ဒေါ်အေးအေးချိုက လာမည့် ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အား မြန်မာ တစ်မျိုးသားလုံး၏ အမျိုးသားရေးစိတ်ဓာတ်များစတင်ခဲ့ရာ သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်ကြောင်း နားလည်သိရှိစေရန်၊ ကျောင်းသားလူငယ်များ၏ အသိစိတ်ထဲတွင် အမြဲထာဝရကိန်းအောင်း ရှင်သန်နေစေရန်၊ကျောင်းပိတ်ရက်အတွင်း အချိန်ကိုတန်ဖိုးရှိစွာ အသုံးချ တတ်စေရန်၊ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ မိမိတို့၏စိတ်ခံစားမှု၊ စိတ်အတွေးများဖြင့် ပန်းချီပညာကိုမိမိတို့ စိတ်ကြိုက် ပုံဖော်ဖန်တီးနိုင်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ ကဏ္ဍပေါင်းစုံ၌ ထူးချွန်ထက်မြက်တဲ့ လူရည်ချွန်များဖြစ်လာကြစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ပူဖောင်းမှုတ်ပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်စေခဲ့ရာ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသောကလေးငယ်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှကျောင်းသုံး ဗလာစာအုပ်နှင့် ဘောလ်ပင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးချိုမေတ္တာ(ပြန်/ဆက်)