ဖျာပုံမြို့နယ်တွင် ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနေမှုအား ကွင်းဆင်းစစ်ဆေး

ဖျာပုံ နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်​အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမောင်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဖျာပုံမြို့နယ်အနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူး ဦးဇော်လွင် ဦးဆောင်၍ လက်ထောက်လဝကမှူးများနှင့် ဝန်ထမ်းများက အဖွဲ့ (၅)ဖွဲ့ ခွဲ၍ ဖျာပုံမြို့ အမှတ် (၁၅)ရပ်ကွက်၊ ချောင်းတွင်းကျေးရွာ ဒေါ်ညိမ်းကျေးရွာ၊ ဒေးဒလူကျေးရွာနှင့် ဘဝသစ်ကျေးရွာတို့ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ပြည်သူများအား အသက် (၁၀) နှစ် ပြည့်ပြီး သူနှင့် အသက် (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား မြေပြင် အရောက် လူဦးရေစာရင်းကောက်ယူခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို လိုက်လံကြည့်ရှု စစ်ဆေးကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာများကိုလည်း နေ့ရက်အလိုက် အဖွဲ့ (၅)ဖွဲ့ခွဲ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)