ဒဂုံ ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၊ ဒဂုံရိပ်သာဈေး၌ ကိုရိုနာဗိုင်းရပ်စ်အသိပညာ ပေး ပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်၊ လက်အိတ်နှင့် နှာခေါင်းစည်း ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရွှေပြည် ဦးဆောင်သော ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူ များ ပူးပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်၏ ပြင်းထန်အဆုတ်ရောင်ရောဂါ အကြောင်းကို ပြည်သူများ သေချာစွာ သိရှိနားလည် ပြီး ရောဂါဖြစ်ပွားမှုမရှိစေရန် တစ်ကိုယ်ရည် သန့်ရှင်းစွာ နေထိုင်ရေးနှင့် လူထူထပ်သောနေရာများ သွားရောက်ပါက ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများ ကို သိရှိစေရန်အတွက် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးရခြင်းဖြစ်ကြောင်း ကျန်းမာရေးမှူးဦးဇော်မိုးထံမှ သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)