ခန္တီး နိုဝင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ မူလတန်းကျောင်း (အောင်သာ)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က ကျောင်းသား လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာဖတ်ခြင်းကြောင့် မိမိတို့၏ ကိုယ်ပိုင်အရည်အသွေးများ ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း၊ စာပေကြောင့် အတွေးအခေါ်များ မှန်ကန်လာစေမည်ဖြစ်ပါကြောင်း စသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်ဦးစီးမှူးက စာအုပ်စာစောင်များ ဖြန့်ဝေပေးပြီး စာဖတ်ရှုစေရာ မိမိတို့ ဖတ်ရှု့သည် စာပေများအား ပြန်လည်ပြောပြစေပြီးနောက် ဒေါ်တင်မာဦး (ရုပ်သံကျွမ်းကျင်-၃) ပုရွဆိပ်နှင့်နှံကောင်လေး ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ရာ တက်ရောက်လာသော ကျောင်းသား/သူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာတွင် ဆွေးနွေးဟောပြောသူ များက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး၊ အသိပညာပေး သုတ၊ ရသစာအုပ်များနှင့် အခြားစိတ်ဝင်စားမည့် စာအုပ်များလည်း ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေးခိုင်(ပြန်/ဆက်)