မုံရွာ နိုဝင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာ၌ လွယ်ကူလျင်မြန် သွက်လက်စေရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် Microsoft Powerpoint အသုံးပြုနည်း ကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြသလ္လာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ဌာနတွင်း သင်တန်းနည်းပြဆရာမများက Microsoft Powerpoint အသုံးပြုနည်း ကွန်ပျူတာဘာသာရပ်များ ကို ခရိုင်ရုံးရှိ အရာထမ်း(၄)ဦးနှင့် အမှုထမ်း(၃၅)ဦး၊ စုစုပေါင်း (၃၉)ဦးအား နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရုံးတက်ရက် များတွင် (၁၀)ရက်ကြာ နေ့စဉ် (၂)နာရီအချိန်မှ ညနေ(၅)နာရီထိ သင်တန်းချိန် (၃)ချိန်ဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)