ရွှေတောင် အောက်တိုဘာ ၂၃
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင် မြို့နယ် သာသနာ့ဗိမာန်ဓမ္မာရုံ၌ အောက်တိုဘာလ ၂၂ ရက်နေ့လည် ၃နာရီက ကြိုတင် ဆန္ဒမဲပုံးအား စစ်ဆေး၍ လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ်ခြင်း ဆောင်ရွက်ခဲ့ရာ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များ တတ်ရောက် ခဲ့ကြောင်း သိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌက ကြိုတင် မဲများ ရောက်ရှိလာပါက စနစ်တကျထားရှိဆောင်ရွက်ရမည့် အချက်အလက်များနှင့် ရောက်ရှိလာ သည့် ကြိုတင်မဲလက်မှတ်အိတ်များအား ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ လက်ခံ ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းနောက် မဲပုံးများကို ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက နိုင်ငံရေးပါတီ ကိုယ်စားလှယ် များ၏ ရှေ့မှောက်တွင် ချိတ်ပိတ် တပ်ဆင်ပြီး ကြိုတင်မဲ လက်မှတ်များအား ပွင့်လင်းမြင်သာစွာ မဲပုံးအတွင်းသို့ထည့်သွင်းခဲ့ကြောင်းသိရသည်။
ကိုကိုမင်း(ပြန်/ဆက်)