ဖြူး နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ တပ်တွင်းအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအားဖိတ်ခေါ်၍ မြန်မာစာရေးသားရာတွင် စာလုံးပေါင်းသတ်ပုံများ မှန်ကန်စွာရေးသားနိုင်မှုကို စမ်းစစ်နိုင်ရေးအတွက်ရည်ရွယ်ကာ စာလုံးပေါင်းသတ်ပုံအမှန်ရွေးချယ်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အိမာဟိန်းက ပြိုင်ပွဲပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် စာလုံးပေါင်းသတ်ပုံပြိုင်ပွဲတွင် သတ်ပုံအမှားအမှန်ရွေးချယ်ခြင်းကို အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၂၂)ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ကြရာ မှန်ကန်စွာရွေးချယ်နိုင်သည့်အမှတ်အများဆုံးပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး၊ တက်ရောက်လာကြသော ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက ဆုလက်ဆောင်များကို ပေးအပ်ခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် စာအုပ်စာစောင်ပြပွဲများ၊ သဘာဝဘေးဆိုင်ရာအသိပညာပေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ နံရံကပ်ပြဘုတ်များပြသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)