ငပုတော နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မား စေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦး၊ အတွင်းရေးမှူးဦးထွန်းမျိုးသန့် နှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ဖျန်ရေကျော်ကျေးရွာ ကွင်းအမှတ်၁၃၇၂(က) ဦးပိုင်အမှတ် (၁၈/၁) တောင်သူ ဒေါ်မေသဇင်ဦး၏ လယ်မြေ၌ ကျင်းပပြုလုပ်သည့် မနောသုခ မျိုးစပါးစံကွက်ရိတ်သိမ်းမှုအား သွားရောက်ကြည့်ရှု့အားပေးရာတစ်ဧကလျှင် စပါးအခြောက် (၁၁၀.၆၉)တင်းနှုန်းထွက်ရှိကြောင်းသိရှိရသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားစေရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဖျန်ရေကျော်ကျေးရွာ ၊ သက္ကာယ်ချောင်းကျေးရွာ ပုသိမ် -ငပုတောကား လမ်းမဘေးရှိပိုက်ဆံလျှော်မျိုးစေ့ထုတ် စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှု အအခြေအနေအား သွားရောက်ကြည့်ရှု့ပြီး ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး အထူးအလေးထားဆောင် ရွက်ရန်နှင့် တာဝန်ရှိသူများထံ လိုအပ်သည်များကိုမှာကြားခဲ့သည်။
ထို့နောက် သက္ကာယ်ချောင်းကျေးရွာ တောင်သူဦးကျော်စွာ၏ လယ်မြေ၌သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်စိုက်ပျိုးမည့် မြေနေရာအား ကြည့်ရှုပြီး ဝက်ဆူကျေးရွာ တောင်သူဦးရဲတိုး၏ လယ်မြေတွင် မနောသုခမိုးစပါး ရိတ်သိမ်းပြီးစီးမှု အခြေအနေအားသွားရောက်ကြည့်ရှု့ပြီး နွေစပါးဆောင်းသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးနှင့် လိုအပ်သော အဟာရဓာတ်များ ရရှိစေရေးအတွက် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်ထည့်သွင်း စိုက်ပျိုးနိုင်ရေးနှင့် လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)